Saturday, November 14, 2020

မဘသ ပြန်လာတော့မည့် နိမိတ်ကောင်းများလား





ရွာမဆရာတော်နှင့်အနန္တဂုဏ်ရည်ဆရာတော်တို့ထံ 

အင်းစိန်မြို့နယ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ သြဝါဒခံယူ 

================================


နိုဝင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းတွင်အင်းစိန်မြို့နယ်နှင့်ပြည်ပနိုင်ငံနေပြည်သူများမှမဲ‌ပေးရွေးချယ်တင်မြှောက်ခြင်းခံရသော...အနိုင်ရ NLD ကိုယ်စားလှယ်လောင်းများဖြစ်သော...ပြည်သူလွှတ်တော်ကိုယ်စားလှယ်‌လောင်းဦးမောင်မောင်ဦးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ရှိန်/တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော... ဦးဇော်ဝင်း(ခ)ကိုလတ်နှင့်ဦးဝေဖြိုးဟန်တို့သည် ရွာမပရိယတ္တိစာသင်တိုက်၏ဦးစီးပဓာနာဆရာတော်ဦးတိလောကနှင့်အနန္တဂုဏ်ရည်စာသင်တိုက်၏ဦးစီးပဓာနဆရာတော်ဦးဃောသိတတို့ထံသွားရောက်၍ ငါးပါးသီလခံယူဆောက်တည်ပြီး ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပြီးဩဝါဒခံယူခဲ့ပါသည်။

 ရှေးဦးစွာဆရာတော်များမှ ဆုမွန်ကောင်းများချွေခဲ့ပါသည်။

ဆက်လက်ပြီးဆရာတော်များမှ မိမိမြို့နယ်ပြည်သူများအကျိုးနှင့်မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်မှုများအား အလေးထားဆောင်ရွက်ပေးကြရန် မိန့်ခဲ့ပါသည်။

ကိုယ်စားလှယ်လောင်းများမှလည်း မိမိမြို့နယ်နေပြည်သူများအကျိုးစီးပွားများအပါအဝင်မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလျှောက်ထားခဲ့ပါသည်။


သတင်းပြန်ကြားရေး(တာဝန်ခံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

အင်းစိန်မြို့နယ်